Scroll down for Burmese (မြန်မာဘာသာအတွက် အောက်သို့ဆင်းပါ)
Click here to download
ရွှေ့ပြောင်းသွားလာခြင်း၏စကားပြော – ရွှေ့ပြောင်းသွားလာမှုနှင့် သက်ဆိုင်သောမဲခေါင်ဝေါဟာရ
ရွှေ့ပြောင်းသွားလာခြင်း၏စကားပြော-ရွှေ့ပြောင်းသွားလာမှုနှင့် သက်ဆိုင်သော မဲခေါင်ဝေါဟာရ လက် စွဲစာအုပ်ထဲတွင် ဝေါဟာရပေါင်း ၁၁၇ ၏အဓိပ္ပါယ်ဖွဲ့ဆိုချက်များကို GMS ဘာသာခြောက်မျိုးဖြစ်သည့် (မြန်မာ၊ ကမ္ဘောဒီးယား၊ တရုပ်၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ်) ဖြင့် ရေးသားထားပါသည်။ ဤလက်စွဲစာအုပ်ထဲရှိဝေါဟာရများကို အောက်ပါအချက်များအတိုင်း ရွေးချယ်ဖွဲ့ဆိုထားသည်။ (၁) GMS အတွင်းရှိ ရွှေ့ပြောင်းသွားလာသူများ၏ အခြေအနေ များကိုနားလည်နိုင်ရန်အဓိကဝေါဟာရများ (၂) ရွှေ့ပြောင်းသွားလာသူများ၏ အခွင့်အရေးများ ကိုမြှင့်တင်ရန်အဓိကဝေါဟာရများ၊ နှင့် (၃) UN အေဂျင်စီများ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ လက်ခံကျင့်သုံးသည့်ဝေါဟာရအသစ်များ ပါဝင်ပါသည်။
ဤဝေါဟာရလက်စွဲစာအုပ်သည် ရွှေ့ပြောင်းအလုပ်သမားအရေး စည်းရုံးလှုံ့ဆော်သူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှအလုပ်လုပ်ကိုင်သူများ နှင့် မူဝါရေးဆွဲသူများ အားအဓိကရည်ရွယ်ပြီးထုတ် ဝေသည့်စာအုပ်ဖြစ်ပါသည်။ ဤဝေါဟာရလက်စွဲစာအုပ်သည် GMS နိုင်ငံများရှိ အရပ်ဘက်လူမှုအ ဖွဲ့အစည်းများနှင့် မူဝါဒချမှတ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းစည်းရုံးလှုံ့ဆော်မှုများ ကိုလည်း လွယ်ကူချောမွေ့စွာလုပ်ဆောင်နိုင်ရန် လိုအပ်သည့် အရာတစ်ခုဖြစ်သည်။