Permanently Temporary: Examining the Impact of Social Exclusion on Mekong Migrants (2015)

Scroll down for Burmese (မြန်မာဘာသာအတွက် အောက်သို့ဆင်းပါ)

Migrant workers make a significant contribution to the socio-economic development of the Mekong Subregion and beyond. However, despite the crucial role migrants play in the functioning of the economy, governments of popular destination countries in Asia appear content to formulate policies based on the notion that migration is a purely temporary phenomenon. How long is temporary? How long is it acceptable for migrants to be treated as permanent outsiders in the place where they have made their home?

This advocacy paper seeks to respond to these questions by unpacking the causes and impact of social exclusion on migrants in destination countries Thailand and Japan, and on migrant returnees in source countries Myanmar and Cambodia. It also aims to contribute a set of policy recommendations directed at each government that may lead to greater social inclusion for migrants and their families. It is hoped that this paper will help generate broader discussion on what needs to change so that we can go beyond “tolerance” and embrace the friendship and contributions migrants bring to society.

Download the English version, Khmer version and Burmese version

အမြဲတမ်း ယာယီဖြစ်နေခြင်း – မဲခေါင်ဒေသရွှေ့ပြောင်းနေထိုင်သူများအပေါ် လူမှုရေးဆိုင်ရာ ပါဝင်ခွင့် မရှိခြင်းအတွက် အကျိုးသက်ရောက်မှုများအား စမ်းစစ်ခြင်း

မဲခေါင်ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကွန်ယက် (MMN) မှ “အမြဲတမ်း ယာယီဖြစ်နေခြင်း – မဲခေါင်ဒေသ ရွှေ့ပြောင်းနေထိုင်သူများအပေါ် လူမှုရေးဆိုင်ရာ ပါဝင်ခွင့်မရှိခြင်းအတွက် အကျိုးသက်ရောက်မှုများအား စမ်းစစ်ခြင်း” အမည်ရှိ စည်းရုံးလှုံ့ဆော် မှုစာတမ်းကို တင်ဆက်လိုက်ပါသည်။

မဟာမဲခေါင်ဒေသခွဲနှင့် ထို့ထက်ကျော်လွန်သော ဒေသများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ရွှေ့ပြောင်းအလုပ်သမားများက သိသာထင်ရှားစွာ ပါဝင်ဆောင်ရွက်ခဲသည်။ ရွှေ့ပြောင်းအလုပ်သမား များသည် ဆိုက်ရောက်နိုင်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးပါသည့်အခန်း ကဏ္ဍတွင်ပါဝင်ဆောင်ရွက်နေသော်လည်းအာရှ၌ထင်ရှားသည့်ဆိုက်ရောက်နိုင်ငံ များ၏အစိုးရများသည် ရွှေ့ပြောင်းအလုပ်သမားများအတွက်မူဝါဒ များချမှတ်ရာတွင် ယာယီ ဖြစ်စဉ်အဖြစ်သာသတ်မှတ် ရေးဆွဲကြသည်။

ယာယီဆိုတာ ဘယ်လောက်ကြာကြာလဲ။ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့ အခြေချနေထိုင် သည့်နေရာတွင် သူတို့အားအစဉ်အမြဲပြင်ပသူစိမ်းများအဖြစ်အချိန်မည်မျှကြာ အောင်ပြုမှုဆက်ဆံကြ မည်နည်း။

ထိုမေးခွန်းများကိုတုံ့ပြန်ဖြေဆိုနိုင်ရန်တွက် ဤစာတမ်းသည် ဆိုက်ရောက်နိုင်ငံ ထိုင်းနှင့် ဂျပန် ရှိရွှေ့ပြောင်းအလုပ်သမားများ နှင့် မူရင်းနိုင်ငံ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံရှိ ပြည် တော်ပြန်ရွှေ့ပြောင်းအလုပ်သမားများအပေါ် လူမှုရေးဆိုင်ရာဖယ်ကျဉ်ထားခြင်း၏ ဖြစ်ပေါ်စေသော အကြောင်းအရင်းများ နှင့် သက်ရောက်မှုများကို ရှာဖွေလေ့လာခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများအတွက် လူမှုရေးပါဝင်မှုများ ပိုမိုများပြားလာရန်အတွက် အစိုးရတစ်ခုချင်းစီ ကိုရည်ညွှန်းပြီး မူဝါဒအကြံပြုချက်များတစ်ရပ်ကို ပံ့ပိုးသွားရန်အ တွက်လည်းရည်ညွန်းထားသည်။

ဤစာတမ်းသည် တိုယိုတာဖောင်ဒေးရှင်းမှ ထောက်ပံ့သော စီမံကိန်း အမည်ရှိ “ Beyond ‘Tolerance’: Working Hand-in-Hand to Promote the Social Inclusion of Migrant and Their Families” ၏ အစိတ်အပိုင်းတခုဖြစ်သည်။ ဤစာတမ်းသည် ၂၀၁၆ခုနှစ် မတ်လ မှ ဇူလိုင်လ အတွင်းပြုလု်ပခဲ့သည် လေးနိုင်ငံ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ နှင့် ဂျပန် နိုင်ငံအလိုက်လေ့လာရေးခရီးစဉ်အတွင်း အစည်းအဝေးများနှင့် တွေ့ဆုံမေးမြန်းခြင်းများ မှရရှိလာသည့် အချက်အလက်များကိုအခြေခံ ထားပါသည်။

ဤစာတမ်းသည် ပြောင်းလဲရန်လိုအပ်သည့် အကြောင်းအရာများကို ပိုမိုကျယ်ပြန့်စွာဆွေးနွေးရန် အထောက်အကူပြုမည်ဟုယုံကြည်ပါသည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် “ငြင်းပယ်မှု” ကိုကျော်လွန်ပြီး ရင်းနှီးမှုကိုဖွေ့ဖက်ကာ ရွှေ့ပြောင်းအလုပ်သမားများအား လူမှုအသိုင်းအဝိုင်းထဲသို့ ပါဝင်နိုင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။