Policy Briefs of Jobs in SEZs: Migrant Garment Factory Workers in the Mekong Region (2019)

Scroll down for Burmese (မြန်မာဘာသာအတွက် အောက်သို့ဆင်းပါ)

The Mekong Migration Network (MMN) and Asian Institute of Technology (AIT), supported by Canada’s International Development Research Centre (IDRC), jointly implemented a research and advocacy project from 2016 to 2019, investigating labour and migration issues in Mekong SEZs through a gendered lens. Guided by the question of whether the jobs being created within these zones are promoting decent work for women migrant workers, this study developed four case studies of SEZs: Thilawa SEZ (Yangon Region, Myanmar), Phnom Penh SEZ (Phnom Penh, Cambodia), Manhattan SEZ (Svay Rieng Province, Cambodia), and Tak SEZ (Tak Province, Thailand), with a particular focus on the garment industry.

Based on the results of an analysis of the study’s primary data as well as a thorough literature review, four key themes emerged as requiring special attention in order to realise decent work for women migrant garment factory workers in Mekong SEZs. These areas were: working conditions, labour organising, skills development and recognition, and care work. The impact of SEZ development on workers’ mobility was also highlighted in an analysis of these themes.

The policy brief of the Mekong Region is available in BurmeseEnglishKhmer and Thai;

The policy brief of Thailand is available in BurmeseEnglish and Thai;

The policy brief of Myanmar is available in Burmese and English; and

The policy brief of Cambodia is available in English and Khmer.

SEZs များမှအလုပ်အကိုင်များ – မဲခေါင်ဒေသ မှ ရွှေ့ပြောင်းအထည်ချုပ်စက်ရုံလုပ်သားများ

ကနေဒါနိုင်ငံ၏ International Development Research Center (IDRC) ၏ ပံ့ပိုးကူညီမှုဖြင့် Mekong Migration Network (MMN) နှင့် Asian Institute of Technology (AIT) တို့သည် မဲခေါင် SEZ များတွင် အလုပ်သမားနှင့်ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာပြသနာများကို ကျား/မ အမြင်ရှုထောင့်ဖြင့် လေ့လာစုံစမ်းသောသုတေသန နှင့်လှုံ့ဆော်အားပေးမှု စီမံကိန်းကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ဤဇုန်များတွင် ဖန်တီးသော အလုပ်များသည် အမျိုးသမီးရွှေ့ပြောင်းလုပ်သားများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်မြှင့်တင်ပေးခြင်း ရှိမရှိမေးခွန်းကိုအခြေခံ၍ ဤသုတေသနသည် အထည်ချုပ်လုပ်ငန်းကိုအထူးအာရုံစိုက်ပြီး SEZ များတွင် (case study) ဖြစ်ရပ်လေးခုအား လေ့လာခဲ့ပါသည်။ ၎င်းတို့မှာ သီလဝါ SEZ(ရန်ကုန်တိုင်းဒေသကြီး၊မြန်မာနိုင်ငံ)၊ ဖနွန်ပင် SEZ(ဖနွန်ပင်၊ ကမ္ဘောဒီးယားနိုင်ငံ)၊ Manhattan SEZ (Svay Rieng ပြည်နယ်၊ ကမ္ဘောဒီးယားနိုင်ငံ) နှင့် Tak SEZ (Tak ပြည်နယ်၊ ထိုင်းနိုင်ငံ) တို့ဖြစ်သည်။

၂၀၁၇ ခုနှစ်မေလမှ ၂၀၁၈ ခုနှစ်ဇူလိုင်လ အထိ MMN စီမံကိန်းမိတ်ဘက်အဖွဲ့များသည် လေ့လာနေသောဒေသလေးခုတွင် အထည်ချုပ်စက်ရုံအလုပ်သမားများကို စစ်တမ်းကောက်ခဲ့ပါသည်။ စစ်တမ်းမေးခွန်းလွှာကို ဖြေကြားသူ ၇၀၀ ဦးရှိပါသည်။ ရန်ကုန်၊ Tak နှင့် ဖနွန်ပင်တွင်တစ်နေရာလျှင် ၂၀၀ ဦး၊ Svay Rieng တွင် နောက်ထပ်ဖြေကြားသူ ၁၀၀ ဦးရှိပါသည်။ ရန်ကုန်နှင့် ဖနွန်ပင်၌ အထည်ချုပ်စက်ရုံများသည် SEZ အပြင်ဘက်မြို့အစွန်တစ်ဝိုက်စက်မှုဇုန်၌ စုဝေးကြရာ၊ စစ်တမ်းမေးခွန်းလွှာကို အတွေ့အကြုံယှဉ်ကြည့်နိုင်ရန် SEZ အတွင်း နှင့် အပြင်ဘက်နှစ်ခုစလုံးတွင် ခန့်ထားသော အလုပ်သမားများအားဖြေကြားခိုင်းပါသည်။ ၂၀၁၈ခုနှစ် ဇူလိုင်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ အထူးတွေ့ဆုံးမေးမြန်းခြင်းများ (in-depth interviews) ကိုရွှေးချယ်ထားသော အမျိုးသမီးအထည်ချုပ်လုပ်သားများနှင့် လည်းကောင်း၊ အဓိကအချက်အလက်ပေးနိုင်သူများအား တွေ့ဆုံမေးမြန်းခြင်းများ ကို SEZ စီမံခန့်ခွဲရေးကော်မတီကိုယ်စားလှယ်များနှင့် လည်းကောင်း၊ အလုပ်သမားသမဂ္ဂများနှင့် အရပ်ဘက်လူမှုအဖွဲအစည်းများနှင့်လည်းကောင်း ဒေသတစ်ခု စီတွင်ပြုလုပ်ခဲ့ပါသည်။

လေ့လာချက်၏ ကနေဦးတွေ့ရှိချက်များ (primary data) အပေါ်သုံးသပ်လေ့လာမှု၏ ရလဒ်အား အခြေပြုခြင်းဖြင့်လည်းကောင်း၊ ဘာသာရပ်ဆိုင်ရာစာပေများကို ပြန်လည်သုံးသပ်ခြင်းဖြင့် လည်းကောင်း မဲခေါင် SEZ အတွင်းအထည်ချုပ်စက်ရုံရှိ အမျိုးသမီးရွှေ့ပြောင်းလုပ်သားများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိရန်အတွက် အတွက် အထူးဂရုစိုက်ရန်လိုအပ်သည့် အဓိကအကြောင်းအရာခေါင်းစဉ်လေးခုထွက်ပေါ်လာပါသည်။ ဤကဏ္ဍများမှာ အလုပ်လုပ်ကိုင်ရသည့် ပတ်ဝန်းကျင်အခြေအနေ၊ အလုပ်သမားအစည်းအရုံးဖွဲ့ စည်းခြင်း၊ ကျွမ်းကျင်မှုတိုး တက်လာခြင်းနှင့် အသိအမှတ်ပြုခံရခြင်းနှင့် စောင့်ရှောက်မှုလုပ်ငန်းတိုးဖြစ်သည်။ ဤအကြောင်းအရာများကို လေ့လာသုံးသပ်ရာတွင် အလုပ်သမားများ၏ရွှေ့ပြောင်းသွားလာမှုအပေါ် SEZ ဖွံ့ဖြိုးတိုး တက်မှု၏ သက်ရောက်မှုကိုလည်း မီးမောင်းထိုးပြထားပါသည်။

မဲခေါင်ဒေသဆိုင်ရာ မူဝါဒအကျဉ်းချုပ်အား ဒေါင်းလုတ်ဆွဲယူရန်

ထိုင်းနိုင်ငံဆိုင်ရာမူဝါဒအကျဉ်းချုပ်အား ဒေါင်းလုတ်ဆွဲယူရန်

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအကျဉ်းချုပ်အား ဒေါင်လုတ်ဆွဲယူရန်